September

စက်တင်ဘာ နှင့် NSMag
ရေးသားသူ : saturngod

ဒီလ အတွက် NSMag ကို ထုတ်တာ နည်းနည်း နောက်ကျသွားတယ်။ အဓိကတော့ iOS 7 စောင့်ပြီး ဘာပိုထူးလဲဆိုတာ ရေးချင်တာလည်း ပါတယ်။ iOS 7 အတွက် ဘယ်လိုမျိုး ပြောင်းရေးလို့ ရမလဲ ဆိုတာ ရေးချင်တာကြောင့်ပါ။ NSMag ကို Android အတွက် ရေးနေပြီးတော့ iOS ကို bug fixed တွေ လုပ်နေတာကြောင့် ဆောင်းပါး များများ ရေးဖို့ အချိန် မပေးလိုက်နိုင်ပါဘူး။ ဒီလမှာတော့ ဆောင်းပါး ၃ ပုဒ် သာ ပါဝင်ပြီး အင်တာဗျူး မပါဝင်လာခဲ့ပါဘူး။ နောက်လ issue မှာ ကြိုးစားပြီးတော့ ပြန်လည် ဖြည့်တင်းပေးပါမယ်။

App Review

Update verison ကို တင်တော့ apple က sandbox နဲ့ testing လုပ်ပေမယ့် ကျွန်တော့် server side က sanbox ပိတ်ထားတဲ့ အတွက် subscribe လုပ်လို့မရဘူး။ ဒါကြောင့် reject ထိတယ်။ ကျွန်တော်တို့ Newsstand ရေးပြီး app store ကို review လုပ်တော့မယ်ဆိုရင် sanbox ကို ဖွင့်ထားပေးဖို့လိုပါတယ်။ Production receipt check လုပ်တဲ့ အခါ status ကို စစ်ဖို့လိုပါတယ်။ Receipt ရဲ့ status က 21007 ပြန်ခဲ့ရင် sandbox နဲ့ စမ်းနေတယ်ဆိုတာကို သိနိုင်ပါတယ်။ အဲဒီ အခါ sanbox နဲ့ ပြန်စစ်ဖို့လိုပါတယ်။

Android version

Android version က တဖြည်းဖြည်းနဲ့ တော့ ရုပ်လုံး ပေါ်လာပြီ။ လိုချင်တဲ့ ပုံစံလေးတွေ ရအောင် တော့ အချိန်နည်းနည်းပေးပြီး ရေးရတယ်။ Android က ရေးနေကျ မဟုတ်ပေမယ့် ခက်ခက်ခဲခဲ တော့ မဟုတ်ပါဘူး။ လိုချင်တဲ့ ပုံလေးရဖို့ အချိန်လေး နည်းနည်းပေးပြီး လေ့လာရတာပဲ ရှိတယ်။ မကြာခင်မှာ NSMag ကို Android version ထုတ်နိုင်မယ်လို့ မျှော်လင့်တယ်။

iOS 7 အတွက် NSMag

iOS 7 ထွက်လာတာနဲ့ NSMag ကို iOS 7 အတွက် ပြင်ထားပါတယ်။ လိုအပ်တာတွေ အကုန် ပြန်ဖြည့်ထားသလို iOS 7 UI မှာ ကောင်းမွန်စွာ ပေါ်အောင်လည်း ပြင်ထားပါတယ်။ သို့ပေမယ့် apple က အခု ထက်ထိ approve မလုပ်သေးဘူး။ Approve ဖြစ်အောင် တော့ ဒီလ ကြိုးစားကြည့်ပါမယ်။

iPhone 5s

iPhone 5s ဟာ 64bit CPU ဖြစ်လာပြီးတော့ လက်ရှိ iPhone 5 ထက် အများကြီး မြန်ပါတယ်။ Samsung Galaxy Note 3 ထက်တောင် မြန်တယ်လို့ ဆိုတယ်။ iPhone 5s မှာ camera ပိုကောင်းလာတဲ့ အပြင် ‘M7’ Motion Coprocessor ဆိုတာ ပါလာတယ်။

m7

Strava, MotionX-24/7, Argus စတဲ့ app ၃ ခု ကတော့ M7 ကို support လုပ်ပေးထားပါပြီ။

တကယ်လို့ Fitness App တွေ ရေးဖို့ စဉ်းစားရင်တော့ M7 ကို မဖြစ်မနေ လေ့လာထားသင့်တယ်။

စက်တင်ဘာ

ပြီးခဲ့တဲ့ စက်တင်ဘာလမှာတော့ mobile လောက မှာ လှုပ်လှုပ်ရှားရှားလေး ဖြစ်သွားတယ်။ iOS 7 ထွက်ရှိလာပြီး iPhone 5s ရဲ့ စွမ်းဆောင်ရည် နဲ့ M7 တို့ကြောင့် iPhone အတွက် app တွေကို အသစ်တဖန် အဆင့်မြှင့်ရပါပြီ။ icon, design အပြင် background running တွေပါ ရလာတဲ့ အတွက် app တော်တော်များများ update လုပ်လာကြပါတယ်။ ဒါ့အပြင် iOS 6 မှာ အဆင်ပြေပေမယ့် iOS 7 မှာ ပြဿနာ တွေ ဖြစ်ကုန်တာ​ကြောင့် bugs fix တွေလည်း အမြန်လုပ်ကြတဲ့ လ ဆိုလည်း မမှားပါဘူး။

Samsung က Note 3 ထွက်သလို Galaxy Gear ဆိုတဲ့ smart watch လည်း ထုတ်ပါသေးတယ်။ အခုထက်ထိတော့ Apple ရဲ့ iWatch အကြောင်း မသိရသေးဘူး။ iPhone 5s မှာ fitness အတွက် M7 ပါလာတာကြောင့် iWatch ဟာ fitness အတွက် အဓိက ဖြစ်မယ်လို့လည်း ခန့်မှန်း မှုတွေ ရှိနေပါတယ်။ iPhone 5s ထွက်ရှိမှုနဲ့ အတူ မကြာခင်မှာ iPad အသစ်ကို TouchID နဲ့ ထွက်မယ်ဆိုပြီး ကောလဟာလကလည်း စပြန့်နေပါပြီ။

ကျွန်တော်တို့ Developer တွေကတော့ Apple က အသစ်ထုတ်လိုက်တုန်း လက်ရှိ App တွေကို လိုက်ပြင်နေရဆဲပါပဲဗျာ။

ဆောင်းပါးများ

ဒီလမှာတော့ လက်ရှိ App ကို iOS 7 ပြောင်းလဲတဲ့အခါ လိုအပ်တဲ့ အကြောင်းအရာတွေကို ရေးသားထားတဲ့ Convert app to iOS 7 , ဇော်မင်းစိုး ရဲ့ app store guide line , အခုနောက်ပိုင်း ခေတ်စားလာတဲ့ Sketch App နဲ့ ကျွန်တော့် blog မှာ ရေးသားခဲ့ဖူးတဲ့ Mobile App Development ဆောင်းပါးတွေ ပါဝင်ပါတယ်။ အင်တာဗျူးကတော့ ဒီလ မပါဝင်ခဲ့ပါဘူး။