Web OR Native App

web app လား native app လား
ရေးသားသူ : saturngod

App တစ်ခုကို web app နဲ့ စလုပ်မလား SDK နဲ့ ရေးမလားဆိုတာကို mobile app စလေ့လာတဲ့ သူတွေ မေးနေကြတဲ့ မေးခွန်းတစ်ခုပါပဲ။ ကျွန်တော့် ကတော့ iOS ဆိုရင် objective-C နဲ့ရေးတာ ပိုသဘောကျသလို android ဆိုရင်လည်း java နဲ့ ရေးရတာ ပိုသဘောကျတယ်။ Web Development ကနေ iOS app development ကို စလုပ်တော့ စိတ်က web နဲ့ javascript နဲ့ ရေးဖို့ကိုပဲ အားသန်တယ်။ web development ပိုင်းက လာတဲ့ သူတွေ အနေနဲ့ HTML , Javascript နဲ့ native UI design ပုံစံ ထွက်အောင် ဖန်တီး ရေးဆွဲဖို့က မခက်ပါဘူး။

Web app က မူရင်း native SDK လောက် စွမ်းဆောင်ရည် မရပါဘူး။ iOS မှာ ဆိုရင် UIWebView က Nitro Javascript Engine ပါမလာပါဘူး။ ဒါကြောင့် UIWebView မှာ ထည့်ပြီးတော့ run ထားတဲ့ app တွေ အနေနဲ့ safari browser မှာ လို မမြန်ပါဘူး။ iOS ရဲ့ chrome browser မှာလည်း V8 engine မပါသလို safari ရဲ့ nitro javascript engine မပါပါဘူး။ ဒါကြောင့် Chrome Browser ဟာ UIWebView သုံးထားပြီးတော့ safari browser လောက် စွမ်းဆောင် ရည် မရှိပါဘူး။ iOS မှာ web app အဓိက ပြဿနာက javascript engine ပါပဲ။ Web App တစ်ခု ဖန်တီးတဲ့ အခါမှာ javascript က အရေးပါပါတယ်။ javascript ရဲ့ စွမ်းဆောင် ရည်မြင့်မားမှုက web app တွေကို လျင်လျင်မြန်မြန် အလုပ်လုပ်ပေးစေပါတယ်။ iOS မှာ javascript engine ကောင်းကောင်း မပါပေမယ့် Android 4.4 KitKat မှာတော့ chromewebview ကို ပြောင်းပြီး သုံးထားပါပြီ။ javascript V8 engine ကို အသုံးပြုထားတဲ့အတွက် chrome မှာ web app တွေ အလုပ်လုပ်သလို phonegap လိုမျိုး app တွေဟာ Android 4.4 မှာ မြန်မြန် ဆန်ဆန် အလုပ်လုပ်စေနိုင်လာမှာပါ။ တကယ်လို့ SQlite ကို အသုံးပြုမယ်ဆိုရင် data တွေကြိုဖြည့်ထားတဲ့ sqlite နဲ့ web app မှာ လုပ်ဖို့ ခက်ခဲပါတယ်။ ဒါ့အပြင် sqlite ဟာ ပုံမှန် 5 MB ကို ခွင့်ပြုထားတယ်။ 5 MB ထက်ပိုရင်တော့ user ကို permission တောင်းပါလိမ့်မယ်။ game တွေကို HTML5 , Javascript တွေနဲ့ ဖန်တီးလို့ရလာပေမယ့် iOS မှာတော့ javascript engine ကောင်းကောင်း မပါတဲ့အတွက် မြန်မြန်ဆန်ဆန် အလုပ်လုပ်နိုင်မှာ မဟုတ်ဘူး။ Mobile Game တွေ အတွက်ဆိုရင်တော့ web app က အဆင်ပြေတဲ့ အခြေအနေထိတော့ မရောက်လာသေးပါဘူး။ ဒါ့အပြင် photo ပြင်တဲ့ App လိုမျိုးကို web app ကနေ ရေးတာထက် Native app ရေးတာ ပိုအဆင်ပြေတယ်။

Web app တွေက server ကို request ခေါ်ပြီး ရလာတဲ့ response ကို ပြန်ပြပေးတဲ့ နေရာတွေမှာတော့ အဆင်ပြေပါတယ်။ မြန်မြန်ဆန်ဆန် ရေးလို့ရသလို server က data တွေ ပြန်ပြပေးတာ ဖြစ်တဲ့ အတွက်ကြောင့် storage ပြဿနာတွေ မရှိပါဘူး။ Phonegap နဲ့ရေးထားတဲ့ app တွေကို http://phonegap.com/app/ ပြထားပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်လောက်ကနဲ့ တခြားစီ ကို ဖြစ်သွားပါပြီ။ native UI design တွေကို ဖန်တီးထားပါတယ်။ Phonegap က cross platform ရပေမယ့် iOS UI Design Guideline နဲ့ Android UI Design Guideline က မတူပါဘူး။ ဒါကြောင့် iOS အတွက် ဖန်တီးထားတဲ့ design တွေကို android မှာ run တာမျိုးကိုတော့ သိပ်ပြီး သဘောမကျလှပါဘူး။

ဒါကြောင့် web app နဲ့ ရေးမလား native app နဲ့ ရေးမလား ဆိုတာကို လိုအပ်ချက်ပေါ်မူတည်ပြီးတော့ ဆုံးဖြတ်ရမှာပဲ။ သို့ပေမယ့် ကျွန်တော်ကတော့ native ကို သဘောကျပါတယ်။

November ထဲမှာ Nexus 5 ထွက်လာပြီး Android Kitkat update တွေ မကြာခင်ရမယ်လို့ မျှော်လင့်ရပါတယ်။ Kitkat မှာ မြန်မာ unicode ကို ကောင်းကောင်း အသုံးပြုလို့ရပါပြီ။ 4.4 or later phone တွေ များလာဖို့ကတော့ နောက်ထပ် ၁ နှစ် ဝန်းကျင်လောက် စောင့်ရအုံးမယ်ထင်တယ်။ Apple က iPad Air ထွက်လာပြီဖြစ်ပြီး iPad mini ကို ဒီလ ထဲမှာပဲ ထွက်ပါအုံးမယ်။ 64 bit level ကို ရောက်သွားပြီ ဖြစ်ပြီး Developer တွေ အတွက်ကကော 64 bit power ကို အပြည့်အဝ အသုံးပြုပြီး ရေးလို့ မဖြစ်သေးပါဘူး။ iPad 2 ကော ဆက်လက်ရောင်းချဆဲ ဖြစ်ပြီး iPad 2 , iPad mini နဲ့ iPad Air power က စွမ်းဆောင်ရည် ကွာလှတဲ့အတွက် iPad 2 လောက်ကိုပဲ focus ထားပြီး ရေးနေရအုံးမှာပဲ။

ဒီလထွက်တဲ့ NSMag မှာတော့ iOS Security Tip နောက်ပြီး ရန်ကုန်မှာ Startup လုပ်နေတဲ့ Nex ရဲ့ CEO ရဲမြတ်မင်း interview , App Store guide line ရဲ့ နောက်ဆုံး အပိုင်း တို့ပါဝင်ပါတယ်။ နောက်လက စပြီး android article ပါဝင်လာအောင် ကြိုးစားပါ့မယ်။