NSMag

NSMag ဆိုတာ ဘာလဲ။ ဘာလို့ NSMag ကို ထုတ်ရတာလဲ။
ရေးသားသူ : saturngod

April လ အစမှာ ကျွန်တော် Apple ရဲ့ Newsstand app ဘယ်လိုရေးရသလဲ ဆိုတာကို လေ့လာဖြစ်တယ်။ လေ့လာရင်းနဲ့ ဒီအတိုင်း စာဖတ်နေတရင်တော့ တကယ်တတ်မှာ မဟုတ်ဘူး။ App တစ်ခုခု ကို စမ်းရေးကြည့်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ အဲလို ဆုံးဖြတ်လိုက်ပြီး တခြား သူရေးထားတဲ့ App တွေကို စပြီးတော့ လေ့လာတယ်။ Opensource ပေးထားတဲ့ App တွေကို လိုက်ဖတ်ဖြစ်တယ်။ Push Notification , In App Purchases , Auto Content Download စတာတွေကို လေ့လာဖို့က App တစ်ခုကို Apple ရဲ့ iTunes Connect ပေါ် တင်ပြီးမှ Newsstand Management ကို လုပ်လို့ရမယ်ဆိုတာ သိလာတယ်။ ဒါနဲ့ တကယ် Publish လုပ်မယ့် App တစ်ခုလောက် လုပ်မယ်ဆိုပြီး စဖြစ်သွားတာပါ။

NSMag ဆိုတဲ့ အဓိပ္ပာယ်

NS ဆိုတဲ့ စကားလုံးက iOS Developer တွေ အတွက် ရင်းနှီးပြီးသားပါ။ NSStringNSLogNSArrayNSDictionary စတဲ့ စာလုံးတွေ ကို ကျွန်တော်တို့ iOS Development ပိုင်းမှာ သုံးနေကြပါ။ NS ရဲ့ အရှည်ကောက်က NextStep ပါ။ NextStep ဆိုတာကတော့ Steve Jobs Apple ကနေ ထွက်ပြီး NextStep ဆိုတဲ့ Operating System တစ်ခုကို ဖန်တီးခဲ့ဖူးပါတယ်။ လက်ရှိ Mac OS X က NextStep ကို အခြေခံပြီး ထုတ်ထားတာပါ။ NextStep ရဲ့ Programming language Objective-C မှာ NS ဆိုတာကို အသုံးပြုထားပြီး လက်ရှိ iOS မှာလည်း NS ကို ဆက်လက် အသုံးပြုနေဆဲပါ။ iOS Developer တွေအတွက် Magazine တစ်ခု ဖန်တီးမယ် ဆိုပြီး NSMag ဆိုပြီး ပေးလိုက်တာပါ။ NSMag က အခြား magazine နဲ့ မတူတာက iOS Newsstand အတွက်ပဲဖြစ်ပြီး အခြား ဘယ်မှာ မှ ဖတ်လို့ မရသေးပါဘူး။ စာကို ရိုးရှင်းစွာ ဖတ်လို့ ရအောင် design လုပ်ထားပေးပါတယ်။ Android Version အတွက်တော့ ထုတ်ပါမယ်။ သို့ပေမယ့် အခု လတ်တလောမှာတော့ မဖြစ်နိုင်သေးပါဘူး။

NSMag ကို ဘာတွေ နဲ့ တည်ဆောက်ထားလဲ

NSMag ဟာ iOS အတွက် Objective-C ကို အသုံးပြုထားပါတယ်။ အခြား အသုံးပြုထားတဲ့ Open soruce Library တွေကတော့

Font Embed အနေနဲ့

စတာတွေ ကို အသုံးပြုထားပါတယ်။

စတာတွေ ကို အသုံးပြုထားပါတယ်။ Backend ပိုင်း ကိုတော့ Node.js , Express JS , Mongodb စ သည် တို့ကို အသုံးပြုထားပါတယ်။

NSMag မှာ ဘာတွေ ပါလဲ

ကျွန်တော် Blog မှာ ရေးထားခဲ့ဖူးတဲ့ iOS Development နဲ့ ပတ်သက်တာတွေကို ဦးစွာ ထည့်သွင်းသွားပါမယ်။ အခြား မြန်မာ iOS Developer တွေရဲ့ ဆောင်းပါးတွေတော့ မပါဝင်သေးပါဘူး။ ပါဝင်လာအောင် လည်း ကြိုးစား သွားပါ့မယ်။ နောက်ပြီးတော့ လက်ရှိ iOS Development အပြင် Mobile Development လုပ်နေတဲ့ Developer တွေရဲ့ Interview ၊ iOS development အတွက် လက်ရှိ နာမည်ကြီးနေတဲ့ Opensource အကြောင်း ၊ software တွေ အကြောင်း ပါဝင်ပါမယ်။ NSMag ဟာ Mobile Developer focus ထားပြီး ထုတ်ဝေတာပါ။ တနည်းပြောရင် Developer to Developer ပေါ့။

ဒီလ အတွက်တော့ AFNetworking အကြောင်း နောက်ပြီးတော့ ကျွန်တော့် Blog မှာ တစ်ခေါက်ရေးထားဖူးတဲ့ Pricing ဆိုတဲ့ ဆောင်းပါး။ အောင်စည်သူကျော် နှင့် Interview စတာတွေ ပါဝင်ပါမယ်။ AFNetworking ကို ယခု NSMag မှာ အသုံးပြုထားပါတယ်။ Pricing ဆိုတဲ့ အထဲမှာတော့ ကျွန်တော်တို့တွေ App ကို App store တွေပေါ်မှာ ရောင်းရင် ဝယ်မလား မဝယ်ဘူးလား မေးခွန်း ၊ စျေးနှုန်း ကို ဘယ်လိုသတ်မှတ် သင့်တယ် စတာတွေ ပါဝင်ပါတယ်။

ဒီလ အတွက် NSMag ကို ဖတ်ရတဲ့ သူတွေ ကျေနပ်မယ်လို့ မျှော်လင့်ပြီး နောက်လ မှာ ဒီထက် ပိုမိုကောင်းမွန်အောင် ထုတ်ဝေသွားပါမယ်။