BaasBox

Opensource Backend Service
ရေးသားသူ : saturngod

Parse ကို iOS developer တွေ သိကြမယ်ထင်ပါတယ်။ iOS App ဖန်တီးတဲ့ အခါမှာ backend data saving အတွက် လွယ်ကူစွာ အသုံးပြုနိုင်တဲ့ backend တစ်ခုပါ။ Parse လိုမျိုး opensource တစ်ခု ဒီလမှာ ထွက်ပေါ်လာပါတယ်။ Bassbox လို့ ခေါ်ပါတယ်။

Download And Run at localhost

ဒီမှာ မှာ bassbox ကို download ချလိုက်ပါ။ start.bat ကတော့ windows အတွက် ဖြစ်ပြီးတော့ mac နဲ့ linux အတွက်ကတော့ BassBox နဲ့ တင်လုံလောက်ပါတယ်။

Download ပြီးတာနဲ့ zip ကို ဖြည်ပြီးတော့ terminal ကတော့

sudo sh ./start

ဆိုပြီး run လိုက်ရုံပါပဲ။

baasbox

တကယ်လို့ App ID ပြောင်းချင်ရင်တော့

sudo sh ./start -Dapplication.code=66141987

ဆိုပြီး ပြောင်းနိုင်ပါတယ်။ Configuration တွေကို ဒီမှာ ဖတ်နိုင်ပါတယ်။

Build BassBox from source

နောက်ဆုံး master branch ကနေ build လုပ်ချင်တယ်ဆိုရင်တော့ Basebox ကို Run ဖို့အတွက် JDK (JRE မဟုတ်ပါ) လိုအပ်ပါတယ်။ နောက်ပြီး Play! Framework 2.1.5 လည်း လိုအပ်ပါတယ်။ တကယ်လို့ ကိုယ်ပိုင် server မရှိဘူး ဒါမှမဟုတ် setup မလုပ်တတ်ဘူးဆိုရင်တော့ openshift ကို အသုံးပြုနိုင်ပါတယ်။

Play framework သွင်းထားပြီးသားဆိုရင်တော့ source code directory ထဲကို terminal နဲ့သွားပြီးတော့

play dist

Play! ဟာ BassBox ကို build လုပ်ပြီးတော့ ./dist folder ထဲမှာ .zip file ဖန်တီးပါလိမ့်မယ်။ Zip file ထဲမှာ run ဖို့အတွက် အကုန်အသင့်ပါပြီးသားပါ။ Unzip လုပ် နောက်ပြီး shart.sh ကို run လိုက်ရင် ရပါပြီ။

http://localhost:9000

ကို သွားပြီးတော့ စပြီးသုံးနိုင်ပါပြီ။

http://localhost:9000/console

ကတော့ admin console ဖြစ်ပါတယ်။

admin

Default Value

Default username , password တွေကတော့

username: admin
passwrod: admin
application code: 1234567890

ပါ။

Deploy Baasbox on openshift

တကယ်လို့ server managment တွေ မသိရင် Openshift မှာ လွယ်လင့်တကူ အသုံးပြုနိုင်ပါတယ်။ အချိန် ၁၀ မိနစ်အတွင်းမှာ Baasbox server တစ်ခု setup လုပ်လို့ရပါတယ်။ Setup လုပ်ပုံ အဆင့်ဆင့်ကို ဒီမှာ ဖတ်လို့ရပါတယ်။

SDK

Bassbox ဟာ iOS , Android နဲ့ javascript တို့အတွက် SDK ရှိပါတယ်။ ဒါကြောင့် mobile development ကို native နဲ့ပဲ ရေးရေး javascript နဲ့ပဲ ရေးရေးအဆင်ပြေပါတယ်။

iOS အတွက် tutorial ကို ဒီမှာ ဖတ်နိုင်ပါတယ်။

Android အတွက်ကိုတော့ ဒီမှာ ဖတ်နိုင်ပါတယ်။

Javascript အတွက် SDK tutorial တော့ မရှိသေးပါဘူး။

baasbox