Happy Myanmar New Year

မင်္ဂလာနှစ်သစ်ပါ
ရေးသားသူ : saturngod

ဒီလ အတွက် NSMag ကို ထုတ်တာတော်တော် နောက်ကျသွားတယ်။ နောက်လတောင် ကူးတော့မလို ဖြစ်သွားတယ်။ နှစ်ဟောင်းကုန်ပြီး နှစ်သစ်ရောက်သလို NSMag ဟာ လစဉ် ထုတ်လာတာထုတ်လာတာ ၁၀ ကြိမ်မြောက်ရှိပါတယ်။ကြိမ်မြောက်ရှိပါတယ်။ တဖြည်းဖြည်း interview တွေ နည်းလာတာကို တော့ သတိထားမိတယ်။ နောက်လ မှာ အင်တာဗျူးပါအောင်တော့ ကျွန်တော် ကြိုးစားပါအုံးမယ်။

WWDC

ဒီလအတွင်းမှာ ထူးထူးခြားခြား ဆိုလို့ June လ ၂ ရက်နေ့ ကနေ ၆ ရက်နေ့ အထိ WWDC ကို Apple က ကြေငြာလိုက်တယ်။ Apple ရဲ့ iPhone 6 ဟာ screen ကြီးသွားမယ်ဆိုတာကတော့ သေချာသလောက် ဖြစ်နေပြီ။ iOS Developer တွေအနေနဲ့ လက်ရှိ App တွေကို အများကြီး ထပ်ပြင် ရ နိုင်တယ်။ iWatch ကတော့ အခုအချိန်အထိ ကောလဟာလ အနေနဲ့ ဆက်လက် ရှိနေတုန်းပဲ။

wwdc

Create native iOS apps in Java

တကယ်လို့ iOS အတွက် objective-c ကို မလေ့လာလိုပဲ Java နဲ့ ရေးချင်တယ်ဆိုရင်တော့ RoboVM ကို အသုံးပြုပြီး ရေးနိုင်ပါတယ်။ Document ပြည့်ပြည့်စုံစုံ မရှိသေးပေမယ့် Objective-C မှာ ရေးသားပုံ နဲ့ အတော်လေးကို ဆင်ပါတယ်။

robovm

import org.robovm.apple.coregraphics.*;
import org.robovm.apple.foundation.*;
import org.robovm.apple.uikit.*;

public class IOSDemo extends UIApplicationDelegateAdapter {

    private UIWindow window = null;
    private int clickCount = 0;

    @Override
    public boolean didFinishLaunching(UIApplication application,
            NSDictionary launchOptions) {

        final UIButton button = UIButton.create(UIButtonType.RoundedRect);
        button.setFrame(new CGRect(115.0f, 121.0f, 91.0f, 37.0f));
        button.setTitle("Click me!", UIControlState.Normal);

        button.addOnTouchUpInsideListener(new UIControl.OnTouchUpInsideListener() {
            @Override
            public void onTouchUpInside(UIControl control, UIEvent event) {
                button.setTitle("Click #" + (++clickCount), UIControlState.Normal);
            }
        });

        window = new UIWindow(UIScreen.getMainScreen().getBounds());
        window.setBackgroundColor(UIColor.colorLightGray());
        window.addSubview(button);
        window.makeKeyAndVisible();

        return true;
    }

    public static void main(String[] args) {
        NSAutoreleasePool pool = new NSAutoreleasePool();
        UIApplication.main(args, null, IOSDemo.class);
        pool.close();
    }
}

စသုံးမယ့်သူတွေ အတွက်ကို document မပြည့်စုံမှုကြောင့် စမ်းရင်းနဲ့ ရေးရမယ့် ပုံပေါ်တယ်။ Objective-C ကို အနည်းငယ် နားလည်ထားပြီး iOS app တချို့ရေးဖူးရင်တော့ RoboVM နဲ့ ရေးနိုင်ပါလိမ့်မယ်။

Sketch 3

ဒီလမှာ Sketch 3 ထွက်ရှိလာပါပြီ။ Sketch 3 မှာ ထူးထူးခြားခြား အပြောင်းအလဲကတော့ Symbol , Text Layer Style ပါလာတာပါပဲ။ နောက်ပြီး iOS အတွက် အရန်သင့် သုံးဖို့ UI Template တွေ ပါပြီးသား ဖြစ်တာကြောင့် iOS App Design အတွက် ပိုပြီး အဆင်ပြေလာပါတယ်။ Sketch 3 အကြောင်း အသေးစိတ်ကို designcode မှာ အသေးစိတ် ဖတ်နိုင်ပါတယ်။ iOS Development ပိုင်းမှာ Design တွေကို ဖန်တီးတဲ့ အခါမှာ photoshop ထက် sketch 3 က ပိုပြီးတော့ အဆင်ပြေပါတယ်။

sketch