NSMag 1 Year

NSMag ၁ နှစ်ပြည့်
ရေးသားသူ : saturngod

ဒီတစ်ခေါက် NSMag က ထုတ်တာ အတော်လေးကို နောက်ကျသွားပါတယ်။ WWDC ကို စောင့်နေတာ ရယ် WWDC ပြီးတဲ့ နောက်မှာ မအားတဲ့အတွက်ကြောင့် စာမရေးဖြစ်တာကြောင့် မထုတ်ဖြစ်ဘူး။ ဒီလ ဟာ NSMag ၁ နှစ် ပြည့်တဲ့ လ ဖြစ်သလို ၁၁ ကြိမ်မြောက်လည်း ဖြစ်ပါတယ်။

NSMag ၁ နှစ် အတွင်း ရေးသားခဲ့ရာမှာ အဓိက ရေးသားပေးတဲ့ စာရေးသူ နှစ်ယောက် ပဲ ရှိပါတယ်။ ဇော်မင်းစိုး နဲ့ ခန့်သူလင်း တို့ နှစ်ယောက်ပါ။ ၁ နှစ် အတွင်းမှာ အတတ်နိုင်ဆုံး စာ တွေကို ကြိုးစားပြီးရေးခဲ့ပါတယ်။ NSMag ကို download ချသည့် အကြိမ်ပေါင်း ၁၉၀၀ သာ iOS မှာ ရှိခဲ့ပါတယ်။ Android မှာတော့ အယောက် ၉၀ သာ အသုံးပြုသူ ရှိခဲ့ပါတယ်။

NSMag ကို စတင်ဖန်တီးခဲ့ကတည်းက အယောက် ၂၀၀၀ တောင် ရှိမယ်လို့ မထင်ခဲ့ပါဘူး။ iOS Development ကို စိတ်ဝင်စားတဲ့ သူ အယောက် ၁၀၀၀ ဝန်းကျင် အတွက်ကို သာ ရည်ရွည်ပြီး ထုတ်ခဲ့ပါတယ်။ iOS developer တွေအတွက် အဓိရေးသားတာ ကြောင့် website ထက် iOS app နဲ့ စတင်ခဲ့ပါတယ်။ iOS developer ဖြစ်တာကြောင့် iOS device ရှိဖို့လိုပါတယ်။ ဒါကြောင့် website ထက် iOS app ကို ဖန်တီးခဲ့ပါတယ်။

ကျွန်တော်တို့ရဲ့ NSMag မှာ လိုအပ်ချက်တွေ ရှိသေးတယ်ဆိုတာကို သိပါတယ်။ App မှာ ထပ်ဖြည့်တာတွေ ရှိပေမယ့် တခြား priority တွေကြောင့် NSMag App ဆီ ပြန်မရောက်လာနိုင်သေးပါဘူး။ Bugs အချို့တွေ feature အချို့တွေကို ပြင်ချင်ပေမယ့် အခုထက်ထိ မထည့်သွင်းနိုင်သေးပါဘူး။

လစဉ် အမြဲတမ်း ဖတ်နေသည့် စာဖတ်သူ အယောက် ၂၀၀၀ ဝန်းကျင်ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ဘယ်အချိန်ထိ NSMag ကို ဆက်လက်တည်တံ့အောင် ဖန်တီး နိုင်မလဲဆိုတာကို ကျွန်တော်တို့ ကိုယ်တိုင် သာ မသိပါဘူး။ ၁ နှစ် အတွင်းမှာ ရပ်လိုက်ဖို့ စဉ်းစားခဲ့တဲ့ အကြိမ် အရေအတွက် ၁ ကြိမ် မက ပါဘူး။ သို့ပေမယ့် အမြဲ ရှေ့ဆက်နိုင်အောင် ကြိုးစားခဲ့ပါတယ်။ လစဉ် အချိန်မှီ အောင် ကျွန်တော်တို့ ပြန်လည် ကြိုစားပါမယ်။ လစဉ် နောက်ကျ နေတဲ့ အတွက်လည်း ကျွန်တော် တောင်းပန်အပ်ပါတယ်။