App Store Review Guidelines(Part 1)

App Store ပေါ်မတင်ခင် သိသင့်သည့် စည်းမျဉ်းများ
ရေးသားသူ : ဇော်မင်းစိုး

ဆောင်းပါးဟာ အတန်ငယ် ရှည်လျားတဲ့အတွက်ကြောင့် အပိုင်းလေးတွေ ခွဲရေးဖို့ စိတ်ကူးထားပါတယ်။ ဒါကြောင့် ယခုလအတွက်တော့ အပိုင်း (၁) ဖြစ်တဲ့ “App Store ပေါ်မှ စည်းမျဉ်းများ အပိုင်း (၁)” ကိုကျွန်တော်တို့ စတင်လေ့လာကြပါမယ်။

Introduction

မင်္ဂလာပါ။

iOS အတွက် မိတ်ဆွေရဲ့ အချိန်နဲ့ စွမ်းရည်များကို အသုံးပြုပြီး Mobile App ဖန်တီးတဲ့အတွက် Apple မှကျေးဇူးတင်ပါတယ်။

ကျွန်တော်တို့ရဲ့ Apple Store ပေါ်မှာ မြောက်များစွာသော App တွေ. သီချင်းတွေ.. စာအုပ်တွေရှိပါတယ်။ထို့ကြောင့် ကျွန်တော်တို့အနေနဲ့ Store ပေါ်မှာ မြောက်များစွာသော Categories တွေကို စည်းစနစ်ကျစွာ စီမံထားရှိဖို့အတွက် စည်းကမ်းစနစ်တွေကို ချမှတ်ခဲ့ပါတယ်။ အဲ့ဒီအချက်အလက်တွေကို ကျေးဇူးပြုပြီး လိုက်နာပြီးမှသာ Store ပေါ်သို့တင်ပေးမှာဖြစ်ပါတယ်။ မလိုက်နာတဲ့ App တွေကိုတော့ ကျွန်တော်တို့ Apple Review Team အနေနဲ့ ပယ်သွားမှာဖြစ်ပါတယ်။

App Store ပေါ်မှာ မြောက်များစွာသော App တွေဟာ ရှိနေပါတယ်။ အရေအတွက် အားဖြင့်ဆိုရင် 350,000 apps ထက်ပိုသော အရေအတွက်အားဖြင့် App Store ပေါ်မှာ App တွေရှိပါတယ်။ဒါကြောင့် App Store ပေါ်မှာ အသုံးမဝင်တဲ့ App တွေရှိနေမှာကို ကျွန်တော်တို့အနေနဲ့ မလိုလားပါဘူး။

မိတ်ဆွေရဲ့ App ဟာ User တွေအတွက် အသုံးဝင်တဲ့ လုပ်ဆောင်ချက်တွေမပါပဲနဲ့ သာမန် ပြီးပြီးရော App ဖြစ်နေရင်တော့ ကျွန်တော်တို့အနေနဲ့ လက်ခံသွားမှာ မဟုတ်ပါဘူး။

ဒါကြောင့် အသုံးမဝင်တဲ့ App တွေ ၊ ဆင်တူရိုးမှား မြောက်များစွာ ရှိသော App တွေ… ဒါ့အပြင် ကျွန်တော်တို့ရဲ့ စည်းကမ်းတွေကို မလိုက်နာတဲ့ App တွေရှိခဲ့ရင်တော့ ကျွန်တော်တို့အနေနဲ့ Reject ပြုလုပ်သွားမှာဖြစ်ပါတယ်။

အကယ်၍သင့်ရဲ့ App ဟာ Reject ဖြစ်သွားပြီဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ Review Board မှသင့်ရဲ့ Reject Appeal တင်ပြမှုကို လက်ခံစဉ်းစားပေးသွားမှာ ဖြစ်ပါတယ်။ စဉ်းစားပေးပြီး လက်သင့်ခံနိုင်တဲ့ အခြေအနေမှာ ပြန်လည် လက်ခံပေးသွားမှာဖြစ်ပါတယ်။ ထိုသို့မှမဟုတ်ပဲ ကျွန်တော်တို့ရဲ့ Apple ကို ထိခိုက်အောင် ၊ သိက္ခာကျအောင် ၊ တစ်စုံတစ်ရာ ပြောလာခဲ့ရင်တော့ သင့်ရဲ့ App အတွက် ဘယ်တော့မှ ပြန်လည် အဖတ်ဆယ်လို့ရတော့မှာ မဟုတ်ပါဘူး။

အကယ်၍ သင့်ရဲ့ App ထဲမှာ Cheat System တွေ (eg.User ဆီမှ password ခိုးယူခြင်း ၊ အခြား Developer ထံမှ အချက်အလက်ကူးယူခြင်း) ပါလာခဲ့ရင်တော့ ကျွန်တော်တို့အနေနဲ့ App Store ပေါ်ကို တင်ဖို့ရာ အတွက် ငြင်းပယ်သွားမှာ ဖြစ်ပါတယ်။

ဒါကြောင့် ကျေးဇူးပြုပြီး ကျွန်တော်တို့ ရဲ့ စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာပြီးမှာ App Store ပေါ်ကိုတင်ဖို့ရာ အောင်မြင်မှာဖြစ်တဲ့ အတွက်ကြောင့် အောက်ဖော်ပြပါ အချက်အလက်တွေကို တိတိကျကျ လိုက်နာဆောင်ရွက်ဖို့ လိုမှာဖြစ်ပါတယ်။

စည်းကမ်းခေါင်းစဉ်များ

  1. Terms and conditions
  2. Functionality
  3. Metadata, ratings and rankings
  4. Location
  5. Push notifications
  6. Game Center
  7. iAd
  8. Trademarks and trade dress
  9. Media content
  10. User interface
  11. Purchasing and currencies
  12. Scraping and aggregation
  13. Damage to device
  14. Personal attacks
  15. Violence
  16. Objectionable content
  17. Privacy
  18. Pornography
  19. Religion, culture, and ethnicity
  20. Contests, sweepstakes, lotteries, and raffles
  21. Charities and contributions
  22. Legal requirements

1. Term and Conditions

2. Functionality

3. Metadata (name , descriptions , ratings , rankings , etc)

4. Location

ဒီတစ်လတော့ အထက်ပါ အကြောင်းအရာများကို ရေးသားပေးလိုက်ပါတယ်။နောက်လများမှာလည်း အပိုင်းဆက် ဖြစ်သော “App Store ပေါ်မှ စည်းမျဉ်းများ အပိုင်း (၂)” ကိုဆက်လက် စောင့်မျှော် ရှုစားပေးပါဦးလို့ တိုက်တွန်းရင်းနဲ့ပဲ နှုတ်ခွန်းဆက်သပါတယ်။ အချိန်ပေး ဖတ်ရှုပေးခြင်းကို ကျေးဇူးအထူးတင်ပါတယ်။