Learning iOS Development

iOS Development အတွက် လေ့လာဖို့ နည်းအဆင့်ဆင့်
ရေးသားသူ : saturngod

iOS Development ကို လေ့လာဖို့က သိပ်ခက်ခက်ခဲခဲ မဟုတ်ပါဘူး။ အောက်က ပုံကို ကြည့်လိုက်ပါ။

iOS Development လုပ်တော့မယ်ဆိုရင်

၁။ ပထမဆုံး ကျွန်တော်တို့တွေ Mac Books တစ်လုံး လိုမယ်။ Xcode က Mac OSX ပေါ်မှာပဲ run တယ်။ တကယ်လို့ mac book မဝယ်နိုင်သေးဘူးဆိုရင်လည်း VMWare နဲ့ ရပါတယ်။ သို့ပေမယ့် သုံးရတာကတော့ စိတ်တိုင်းကျမှာ မဟုတ်ဘူး။

၂။ Internet လိုတယ်။ Internet မရှိရင် ကျွန်တော်တို့ tutorial တွေ video တွေ download ဆွဲလို့ ရမှာ မဟုတ်ဘူး။ Xcode က 4.5 GB လောက် ရှိပါတယ်။

၃။ XCode သွင်းဖို့လိုတယ်။ နောက်ပြီး iOS SDK ကို လေ့လာဖို့ stanford ရဲ့ itune u ကနေ လေ့လာနိုင်တယ်။ နောက်ပြီးတော့ Mobile.Tutsplus.com , raywenderlich.com စတာတွေကနေ iOS Development ပိုင်းကို လေ့လာနိုင်ပါတယ်။ အချို့ tutorial တွေက iOS 7 နဲ့ XCode 5 မဟုတ်တော့တဲ့အတွက် နည်းနည်းတော့ ဟောင်းနေတာလေးတွေ ရှိပါလိမ့်မယ်။ ပထမဆုံး အနေနဲ့ stanford က videos တွေ အရင်ဆုံး ကြည့်လိုက်တာ ဖြစ်ဖြစ် mobile.tutsplus.com က objective-c အခြေခံ ကို ဖတ်ကြည့်တာ ဖြစ့်ဖြစ် လုပ်ကြည့်သင့်ပါတယ်။

၄။ ပြီးလျှင် ကိုယ်ပိုင် App လေး တစ်ခု လောက် စမ်းကြည့်ပါ။ Dictionary App ပဲ ဖြစ်ဖြစ် Note app ပဲ ဖြစ်ဖြစ် စိတ်ကြိုက် app လေး တစ်ခု ရေးကြည့်ပါ။ Device ပေါ်မှာ စမ်းလို့ ရမှာ မဟုတ်ပါဘူး။ Developer Account ရှိမှ သာ device ပေါ်မှာ စမ်းလို့ ရပါလိမ့်မယ်။ ကျွန်တော့် အနေနဲ့တော့ iOS App developer အနေနဲ့ အသက်မွေးမယ် ဒါမှမဟုတ် ကိုယ်ပိုင် App တင်မယ်ဆိုမှသာ Developer account ဝယ်စေချင်တယ်။ $99/year ဆိုတာကတော့ နည်းတာတော့ မဟုတ်ပါဘူး။ ဒါကြောင့် simulator နဲ့ အရင် iOS development ကို လေ့လာပါ။ ကိုယ်ပိုင် app တစ်ခု ဖြစ်တဲ့ အထိ ဖန်တီးပါ။

၅။ မရတာတွေ နားမလည်တာတွေကို stackoverflow မှာ မေးနိုင်သလို မြန်မာလို မေးချင်တယ်ဆိုရင်တော့ Myanmar iOS Developer facebook group မှာ ဖြစ်ဖြစ် MZ မှာ ဖြစ်ဖြစ် မေးနိုင်ပါတယ်။ အခုမှ စမယ့် iOS Developer တွေ အနေနဲ့ NSMag ကိုလည်း ဖတ်သင့်ပါတယ်။ Google မှာ ရှာတဲ့ အခါမှာ iOS Dev မှာ သုံးတဲ့ term တွေကို သိရင် ရှာရလွယ်ပါတယ်။ တချို့တွေ ရှာမတွေ့တာဟာ အသုံးပြုတဲ့ keyword ကို ကောင်းကောင်း မသိတဲ့ အတွက်ကြောင့် ရှာရ ခက်နေတာတွေ ကြုံတတ်ပါတယ်။

၆။ App ကို ရောင်းချင်တယ် ဒါမှမဟုတ် app store ပေါ်မှာ free ပေးချင်တယ်ဆိုရင်တော့ Developer Account လိုလာပြီ။ မတင်ခင် device ပေါ်မှာ test လုပ်ဖို့ device တစ်ခု လိုလိမ့်မယ်။ Simulator ဟာ emulator မဟုတ်ပါဘူး။ Mac OSX ပေါ်မှာ run နေတဲ့ အတွက်ကြောင့် simulator ပေါ်မှာ run တဲ့ စွမ်းဆောင်ရည်မျိုး device မှာ မရနိုင်ပါဘူး။ GPS , push notification , M7 စတာတွေကို စမ်းမယ်ဆိုရင်လည်း simulator နဲ့ မရပါဘူး။ ဒါကြောင့် ကိုယ့် App မှာ simulator နဲ့ စွမ်းဆောင်လို့ မရတာတွေ ပါလာရင်တော့ Device တစ်ခု ဝယ်ဖို့လိုအပ်လာပြီ။ Device ဝယ်တဲ့ အခါမှာလည်း iPhone နဲ့ iPodTouch က စွမး်ဆောင် ရည် မတူဘူး။ အခု လက်ရှိတော့ iPodTouch က 64 bit မလာသေးဘူး။ မကြာခင် လာပါလိမ့်မယ်။ iPodTouch မှာ SMS viewcontroller ကို ခေါ်မရပါဘူး။ တခြားတော့ ထွေထွေထူးထူးကြီး မကွာလှပါဘူး။

၇။ App ကို ရောင်းမယ်ဆိုရင် SWIFT code ရှိတဲ့ bank account လိုအပ်ပါတယ်။ Free ဆိုရင်တော့ မလိုအပ်ပါ။ SWIFT account ကို google ကနေ တဆင့် ရှာလိုက်ရင် ရပါတယ်။ ဒါမှမဟုတ် Bank Information ထည့်တဲ့ အခါ SWIFT code ကို မသိရင် country , city , postal code တွေ ထည့်ပြီးတော့ clearance code ရှာတာ ပါထားပြီးသားပါ။

၈။ ရောင်းဖို့ တင်လိုက်ပြီးတာနဲ့ ၁ ပတ်လောက် review စောင့်ပြီးရင် ကိုယ့် App က app store ပေါ်မှာ ရောက်လာပါလိမ့်မယ်။ App approve ဖြစ်ဖြစ်ခြင်း app store မှာ search လုပ်မရပါ။ ၁ နာရီလောက် ကြာမှ သာ app store ပေါ်မှာ search လုပ်ရင် တွေ့ပါလိမ့်မယ်။

၉။ App ကို တင်ပြီးရုံနဲ့ မရပါဘူး။ သင့် App အတွက် marketing တွေ customer support တွေ နောက်ပြီးတော့ iOS အသစ်ထွက်တိုင်း ပြန်စမ်းပြီး ပြင်စရာရှိတာတွေ ပြင်ပြီး update လုပ်ပေးဖို့လည်း လိုပါသေးတယ်။